Thursday, August 14, 2008
Saturday, August 9, 2008
Saturday, August 2, 2008
သမိုင်းမြေဇာပင်များ
မြူနှင်းတွေ ချယ် တဲ့ ရေတံခွန်၊
မြခနောက် နဲ့ ရန်ကင်းတောင်တွေ
ဝန်းရံခတဲ့ အမ်တီယူမြေ။
ခြောက်သွေ့တဲ့ တမာတန်း
ပင်လက်ပံ နီရဲရဲ
စွယ်တော်ရှိုက်သံ နဲ့အတူ
သရက်ပင်အုပ်တွေ
ဝါးရုံတောတွေ
ထူထပ်တဲ့ အမ်တီယူမြေ။
ဒီလိုမြေ၊
ဒီလောက်လှတာ ကို
ဖျက်ဆီးသူနဲ့
ဖျက်ဆီးခံသူတွေအကြောင်း
ကျူပ်တို့ အသည်းနှလုံးနဲ့
ရေးထားတဲ့ စာ။
ဒီစာကို ခင်ဗျားတို့ လည်း
အသည်းနှလုံးနဲ့ဖတ်
ပြီးတော့…….
တိုင်းပြည်ဖျက်တဲ့အထဲ
ကျုပ်တို့မပါဘူးဆိုတာ
နားလည်ပေးရင်
ကျေနပ်ပြီ။
ကဲစမယ်…
ဒီလိုမြေမှာ
လှပတဲ့လူငယ်ဘ၀ ကို
မြှုပ်နှံ့သိမ်းထားခဲ့ရဖူးတဲ့
ကနောင်၊မက္ခရာ
ပြင်စည် နဲ့ ညောင်ရမ်းဆောင်တွေမှာ
မောင်ကြီးတို့ နေခဲ့ရတယ်။
ဒီလိုမြေမှာ
အနာဂတ်တွေ ကို
အနာဂတ်မှန်းမသိအောင်
ဖိစီးသိမ်းဆည်းရင်း နဲ့
နှစ်တွေကို ကုန်လွန်စေခဲ့ဖူးတဲ့
မန်းချယ်ရီ နဲ့ မန်းသီရိဆောင်တွေမှာ
မယ်ကြီးတို့ နေခဲ့ရတယ်။
လူငယ်အသိ ကို
ချမစားအောင်
ကြိတ်မိတ် သိမ်းထားရင်း
ပြေးခဲ့ရတဲ့ ပီတီ
ဝင်ခဲ့ရတဲ့ နိုင်စတာဒီ။
ဘယ်ညာ ဘယ်ညာ
ဘယ်ညာ ဘယ်…
ဘယ်သူ့အတွက်လဲ
ပြည်သူ့အတွက်ပဲ…
ဒီလိုသာ ရိုက်သွင်းတိုင်းသာ ရရင်
မောင်တို့ မယ်တို့ စစ်တပ်ဖွဲ့လို့ရပြီ။
ဟဲ…ဟဲ….မလုပ်နဲ့
စစ်တစ်ပိုင်းဖြစ်မယ် မှန်း..
မသိလို့ ၀င်ခဲ့မိတာ…
မှားမှန်းသိတဲ့ အချိန်မှာ
ကျုပ်တို့ ပြင်မရတော့ဘူး။
ဘုန်းကြီးတွေ ပင်လယ်ဝေ
လူတွေ လိုင်းထ
အလောင်းတွေ ပုံနေတဲ့
အခါအချိန် ရောက်မှ
ဝန်ထမ်းဆို တာ မဖြစ်ချင်လိုက်တာ။
ဂမ်ဘာရီတစ်ခေါက်လာရင်
ကျုပ်တို့ ဘယ်လောက် စိတ်ညစ်တယ်ဆိုတာ
လူထုလှုပ်ရှားမှု တခါဖြစ်ရင်
အလှုပ်အခတ် ရှိရင်
ကျုပ်တို့ အပြင်ထွက်ရင်တောင်
ဂိတ်ပတ်စ် ဆိုတာကြီးရမှ ထွက်ရတယ်ဆိုတာ
ဓါတ်ခဲမပါတဲ့ နာရီတလုံး ခြောက်နာရီမှာ
ရပ်တန့်နေတာ……..။
ေ၀၀ါးတဲ့ အနာဂတ် ကို
လူငယ်တွေ ကြိတ်မှိတ်ပြီး
အိပ်မက် မက်ချင်ယောင် ဆောင်နေရတာ….
ဒါတွေ ဘယ်သူသိမှာလဲ။
အတန်းတစ်ချိန် မှာ
ရိုးကော် နှစ်ခါကောက်
တစ်ခါကောက် နာရီဝက်
နှစ်ခါကောက်တော့ တစ်နာရီ
အချိန်တန်ပြီ
ငါတို့ လှစ်စို့
လဘက်ရည်ဆိုင် နဲ့ ဘောပွဲရုံကို
ဖြစ်ချင်တိုင်းဖြစ်နေတာ
ကျုပ်တို့ကို အပြစ်မတင်နဲ့
ဒီလို ရိုက်ချိုးထားတာကြီး
ဘယ်သူ အသက်ရှင်
ပျော်မွေ့ပြီး စာကို တကယ်
ကြိုးစားမှာလဲ။
နောက်တော့
တဖြည်းဖြည်းနဲ့
ချမစားခံချင်လဲ
မရတော့ဘူး
ရိုးကော်က သင်တဲ့စာတဲ့
အရေးကြီးတဲ့အချိန်
ဆရာမက လက်ပ်မပါပဲ
သီအိုရီချည်းပဲ ပေးနေချိန်
ကျုပ်တို့ အင်ဂျင်နီယာ အတတ်ကို
ဘာအမြင်ရှိလို့ တကယ် တတ်မှာလဲ။
လုပ်စမ်းပါ သုတေသန
ဝမရှိပဲ ၀ိလုပ်ခိုင်းပြန်တယ်။
ကူးချမယ် ဟိုနိုင်ငံ က ကျမ်းစာအုပ်
လုပ်ပြီ… ဒုက္ခပဲ
မဖတ်ရဲဘူး နိုင်ငံတကာ စမနာမှာ
ကူးထားတာ ပြန်အုပ်ရင်
ငါတင်မက သပန ပါ ပြုတ်သွားမယ်။
ဒီတော့ လည်း ဆရာမက အလည်သား
ငါ့သား၊ငါ့သမီး ဒါကို
နိုင်ငံတကာမှာ ဖတ်လို့ မရဘူးတဲ့
ကျုပ်ကတော့ စိတ်ထဲက
ဟိ..ဟိ လို့
ခပ်ကျိတ်ကျိတ်လေး ရယ်ချင်တယ်။
ဖြစ်နေရတဲ့ ဘ၀ ကို
မကျေနပ်ဘူး..။
ဒီလိုနဲ့…
နောက်ဆုံးတော့ အပေါစားဘွဲ့တလုံးရပြန်တယ်။
နယ်ကျောင်းမှာ ဆရာလုပ်ရပြန်တယ်။
နေဦး ခဏ ….
ကြားဖြတ်ပြောဦးမယ်။
ဒါတောင် သပန က
လူ့အရင်းအမြစ်ကို
အနာဂတ် နိုင်ငံအတွက်
ပြုစုပျိုးထောင်ပေးနေတယ်တဲ့ဗျာ။
ကျုပ်တို့တော့
ကိုယ့်ဘာသာ ဂလိထိုး ရယ်ရမလို ငိုရမလိုပဲ။
အင်းဆက်မယ်………
ဆရာလုပ်တော့မှ တွေ့ပြီ ဒုက္ခ။
ဒီတော့လည်း သိပ်ပိုင် သပေါ့
ရှေ့က ဆရာ၊ဆရာမ
လှမ်းစဉ်အတိုင်း
ကျူပ်တို့ ကျက်တူရွေးလုပ်ပြန်ပြီ
ဝိုင်တီယူပြေး၊ အမ်တီယူပြေး
ဆရာကြီး၊ဆရာမကြီးတွေ
ဖွင့်တဲ့ ကျူရှင်ကို
ကျုပ်တို့ ဆရာလေး၊ဆရာမလေးတွေ
ကျက်တူရွေး နည်းနဲ့ တက်ရတယ်။
ပြီးတော့ ကျုပ်တို့ ကျူရှင်ပြန်ဖွင့်ပြန်တယ် နယ်ကျောင်းတွေမှာ
ကျက်တူရွေးနည်းနဲ့ ကျောင်းသားတွေကို ကိုယ်က ပြန်သင်
ဟုတ်လို့ဗျာ….
ကိုယ်အရပ် နဲ့ ကိုယ့်ဇာတ်။
အဲဒီအကျိုးဆက်ကို ဆက်ပြောမယ်….
ဒီလို သပန အောက်က ကျောင်းကထွက်သူတွေ
နိုင်ငံခြားမှာ ပညာသင်ပြန်တော့..
ဟဲ..ဟဲ (ကိုယ့်လူမျိုးကို စော်ကားတာတော့ မဟုတ်ဘူးဗျာ)
စံချိန်မမှီ..ရေချိန်မမှီ
ပဲပင်ဖောက်ရင်း
စုန်းပြူးစိတွေ ချည်း ရသလို
စုန်းပြူးတွေ ဒုက္ခရောက်ရော့ပဲ။
ဒီတော့မှ အနှီ နိုင်ငံခြားရောက်
ကိုယ်ရွှေတော်တွေ
သူတို့ နောက်မျိုးဆက် ကို
ကျက်တူရွေးမျိုးမဖြစ်စေရဘူးတဲ့လေ။
ကဲ ဒါတွေ ထားတော့…
ဆက်ပြောမယ်……..
ဒီလို နဲ့ လုပ်နေရင်းသဘောပေါက်ပြီး
ဗမာပြည် အင်ဂျင်နီယာ ပညာရေး
သမိုင်းမှတ်တိုင်မှာ
ငါတော့ တရားခံ အဖြစ်မခံနိုင်ဘူးဟဲ့
ဒါပေမယ့် ငါ့ဝမ်း ငါ့ခါး
ငါ ဘယ် လို ထမ်းမလဲ လို့ စဉ်းစားလိုက်ရတာ
နောက်ဆုံး ရလဒ်ကတော့
ခပ်ရှင်းရှင်းပဲ
ထိုင်း၊စင်္ကာပူ၊မလေးတ၀ိုက်မှာ
အပြေးလိုက်ကြရရုံပေါ့။
ဘာပဲပြောပြော
ဒီစာကို ဖတ်သူတိုင်း
ကျုပ်တို့ကို သမိုင်းတရားခံ လို့
မမြင်ကြရင် ကျေနပ်ပြီ။
တကယ် က ကျုပ်တို့ဟာ
သိပ်သနားစရာကောင်းတဲ့
သမိုင်း မြေဇာပင်တွေပါဗျာ။
မှတ်ချက်။ ။ ဆုံဆည်းရာ ဘလော့မှ ကူးယူ ဖော်ပြပါသည်။
Posted by sanpyastudents at 7:40 PM 1 comments
Labels: ကဗျာ
Tuesday, July 29, 2008
ရည်းစားစကား
ခရီးသွားဟန်လွဲ
ချစ်ခဲ့တာမဟုတ်ဘူး
ကျောင်းသွားကျောင်းပြန်စောင့်ကြည့်ရုံဆို
ပြက္ခဒိန်တစ်ပုံလောက် ၀ယ်ချိတ်ထားမှာပေါ့။
အခုက
ဆယ်မိုးဆယ်နွေရွာပြီးမှ
တပွင့်ထဲ မွှေးမိတဲ့ကိစ္စ။
ကောင်မလေး........
နှလုံးသားကို
အကြိမ်ကြိမ် ဖုန်းခေါ်ပါ။
နင်ရဲ့ခေါင်းငြိမ့်ခေါင်းခါလေးက
င့ါတစ်သက်စာဖြစ်နေလို့။ ။
လွန်းဝေး
(ကဗျာဆရာရဲ့ခွင့်ပြုချက်မတောင်းလိုက်ရပေမယ့်အမှတ်တရနေနဲ့မျှဝေပါတယ်)
Posted by sanpyastudents at 7:52 AM 0 comments
Labels: ကဗျာ
ဇာတိ
ထွက်ပေါက်မရှိတဲ့ဘ၀မှာ
ဝင်ပေါက်ကနေပြန်ထွက်ရင်း
မြို့ကလေးကိုပြန်ရောက်ခဲ့တယ်
အစိမ်းရောင်ဝတ်ထားတဲ့ မြို့ကလေး
နွေးထွေးစွာ ကြိုဆိုလိုက်ပုံက
လွမ်းရနံ့တွေသင်းလို့
သူ့ဘ၀ထဲကလူတစ်ယောက်
ရင်ခွင်ထဲပြန်ရောက်တော့
တောင်တန်းကြီးတွေက
ဝိုင်းကြီးပတ်ပတ်ကလို့ပေါ့
မစည်ကားပေမယ့်
စိုပြေနေတဲ့မြို့ကလေး
သူ့ကိုအိပ်ကပ်ထဲခေါ်ထည့်မိအောင်
င့ါကိုခနဲ့တယ်
ဘယ်နေရာကြည့်ကြည့်
သိမ်မွေ့မှု၊ ကြမ်းတမ်းမှုတွေနဲ့
ကစဥ့်ကလျားခေါ်ဆောင်သွားပုံများ
င့ါမှာ ပြန်ရမှာတောင်မေ့လို့
ငါဘယ်လိုချန်ထားရက်ပ့ါမလဲ
မပြန်ချင်လျက်နဲ့ ပြန်ရတာလဲ
ကျိန်စာတစ်ခုလို
ငါပြန်သွားရင်ခဏခဏငိုတတ်တဲ့ မြို့ကလေးရေ
သံယောဇဉ်အပြည့်နဲ့ လူတစ်ယောက်
ရင်ခွင်ထဲခဏပြန်ရောက်ခဲ့တာကိုတော့
သတိတရ လွမ်းပေးပါ
မတူညီတဲ့ခံစားမှုနဲ့ပဲဖြစ်ဖြစ်
နောက်တစ်ကြိမ်အတွက်
င့ါကိုမျှော်နေပေးပါ
(နောက်တစ်ကြိမ်ဆိုတာင့ါဘ၀မှာတောင်ရှိပ့ါမလားစဉ်းစားမိတယ်)
Posted by sanpyastudents at 7:36 AM 0 comments
Saturday, July 26, 2008
အတိတ်
ဒီ အမှတ်တရတွေပေါ့
ငါ့ရင်ကို ဆွဲဆွဲဖွင့်သွားတုန်းပဲ
သယ်ရင်း
မြန်မြန်လုပ်ကွာ
၇နာရီ တန်းစီအမှီပြန်ရအောင်
ပြီးရင်
ဒေါ်ဂွတ်မှာ ထမင်းစားမယ်
အဆောင်မှူး ဖမ်းရင်လဲဖမ်းကွာ
ငါတို့ ဘောလုံးပွဲသွားကြည့်မယ်
ကျောင်းထိပ်က ရှမ်းခေါက်ဆွဲကောင်းတယ်ကွ
sorry ကွာ
ငါနည်းနည်း
စိတ်ကူးရင်သွားတယ်။
Posted by ကောင်ကလေး at 12:19 PM 2 comments
Friday, July 25, 2008
ကဗျာလမ်း
ဟေ့ ဒီမှာ... ကြားပြီးပြီလား။
တကယ်တော့ ဒီနေရာမှာ
မင်းလည်းမရှိ ငါလည်းမရှိ
ဘယ်သူမှလည်း မရှိကြဘူး။
တချိန်တည်းမှာ
မင်းရော ငါရော
တခြားသူတွေအားလုံးရော ရှိနေပြန်တယ်။
တချို့က ကျစ်ကျစ်လစ်လစ် သိပ်သိပ်သည်းသည်း
တချို့က ပွယောင်းယောင်း နဲ့
ဆင်နွှဲနေကြတာ
တစ်ချက်တစ်ချက်တောက်ပလိုက်ရင်
ကြက်သီးတောင်ထတယ်။
နွေဆိုအေးလို့ ဆောင်းဆိုနွေးနေတာ
ဗိုက်ပြည့်ရင် စားစရာတွေ ရောက်ရောက်လာတာ
ထုံးစံလိုဖြစ်နေပြီ။
ကဲ...တက်လေ လိုက်မယ်ဆိုရင်
ရေဆိုးမြောင်းဖက်သာ မသွားနဲ့
အဲဒီဘက်က နည်းနည်းနံတယ်။
ဒီကဗျာလေးကို ကျွန်တော့်ဘလော့ နဲ့ www.royal-myanmar.com မှာလည်းဖော်ပြထားပါတယ်။
Posted by P K Sahm at 3:31 PM 0 comments
Labels: ကဗျာ
နေရာ
နင့်အတွက် မထိန်းနိုင်ခဲ့တဲ့မျက်ရည်တွေလေ
ယုံကြည်နေစိတ်နဲ့ အတ္တကြီးစွာစိမ့်ထွက်လို့.......
မျှော်လင့်ချက်ဆိုတာလည်း
င့ါဘ၀ထဲမှာတောက်ပလို့......
ဆုံးရှုံးမှုဆိုတာကို သက်သေပြဖို့
သေမလောက်ကြောက်တတ်တဲ့ငါ
နင်ပေးမယ့်အနာဂတ်အတွက်
ရေလှိုင်းအနိမ့် အမြင့်တစ်လျှောက်စီးမျှောလို့.......
မာနကိုအမှန်တရားတစ်ခုလို ဆုပ်ကိုင်ထားတဲ့ငါ
ဆန္ဒတစ်ခုထဲနဲ့
ပြောင်းလဲမှုတွေကို တိတ်တဆိတ်လက်ခံလို့.....
နေရာတစ်ခုအတွက်ပေးဆပ်ချင်ပါတယ်...
ငါသာနင့်ဘေးနားမှာနေပါရစေ...........
Posted by sanpyastudents at 9:58 AM 2 comments
Labels: ကဗျာ
Thursday, July 24, 2008
ကျောင်းဆိုတာ
ကျောင်းဆိုတာ.....မက်ခဲ့ဖူးတဲ့ အိပ်မက်လှလှတစ်ခု။
ကျောင်းဆိုတာ.....လူတွေပြောသလို လှေကားတစ်စင်း။
ကျောင်းဆိုတာ.....ပေါက်ကိုပေါက်မယ့် ထီလက်မှတ်တစ်စောင်။
ကျောင်းဆိုတာ.....လက်ထပ်ခွင့်မရတဲ့ ရည်းစားဦး။
(လုံးဝစိတ်မကောက်တတ်ဖူး)
ကျောင်းဆိုတာ.....ဓာတ်ဆီအပြည့်နဲ့ ကားတစ်စင်း။
ကျောင်းဆိုတာ.....ရှုခင်းကောင်းတဲ့ ပြတင်းပေါက်။
ကျောင်းဆိုတာ.....လက်မှတ်ထိုးစရာမလိုတဲ့ နားလည်မှုစာချွန်လွှာ။
ကျောင်းဆိုတာ.....အစီအစဉ်အစုံလာတတ်တဲ့ ရုပ်သံချယ်နယ်တစ်ခု။
ကျောင်းဆိုတာ.....အမျိုးအစားခွဲလို့မရတဲ့ သီချင်းတစ်ပုဒ်။
ကျောင်းဆိုတာ.....သာမန်သစ်ပင်ကြီးတစ်ပင်။
ကျောင်းဆိုတာ.....အချိန်တိကျတဲ့ မြို့ပတ်ရထား။
ကျောင်းဆိုတာ.....အိမ်။
Posted by P K Sahm at 5:06 AM 0 comments
Labels: ကဗျာ
စမ်းတ၀ါးဝါး
တငြိမ့်ငြိမ့်လေး ညင်သာစွာနဲ့
လန်းဆန်းခွင့်တောင်
ုငါတို့ဆီမှာ မရှိတာကြာပြီ။
ထမ်းထားတဲ့ မျှော်လင့်ချက်အထုပ်ကြီး
တဖြည်းဖြည်းနဲ့ ကြီးထွားလာလိုက်တာ
ငါတို့ကိုယ်တိုင်တောင်
နစ်မြုပ်ပျောက်ဆုံးလို့။
ဒါပေမယ့် ငါတို့ဟာ
ရောက်ခဲ့တဲ့ လမ်းဆုံတိုင်းမှာ
လမ်းရွေးမှားခဲ့သူတွေတော့
မဟုတ်လောက်ပါဘူး။
ဘ၀ကို အဓိပ္ဂာယ်ဖွင့်ဖို့
ဘာတွေလိုအပ်လဲ ဆိုတာ
အခုမှ လိုက်ရှာနေကြသူတွေပါ။
ဘ၀ဆိုတာ နားမလည်တာတွေကို
သင်ကြားရင်းနဲ့ ပြီးဆုံးသွားမှာလား။
ဒီလိုနဲ့ပေါ့ဗျာ.....ဒီလိုနဲ့
ထမင်းစားမမြိန်တာတောင် ကြာနေပါပေါ့။
Posted by P K Sahm at 4:56 AM 0 comments
Labels: ကဗျာ
Monday, July 21, 2008
Svchost.exe virus ထိခဲ့လျှင်
ဒီဗိုင်းရပ်စ်က ဘာဒုတ်ခပေးသလဲဆိုရင် လူကြီးမင်းရဲ့ ကွန်ပျူတာကို အဆမတန်လေးသွားအောင်လုပ်ပေးမှာဖြစ်ပါတယ်. ပထမဆုံး ဒီဗိုင်းရပ်စ်ထိသွားပြီဆိုရင် microsoftword ကိုတောင် မနည်းဖွင့်ရပါတယ်. အဲဒီတော့ ဒီဗိုင်းရပ်စ်ကိုစရှင်းဖို့ဆိုလျှင် ပထမဆုံး Task manager ကိုခေါ်ပါ. ပြီးလျှင် svchost.exe file အား အရင်ဦးဆုံးပိတ်ပါ. ပြီးသည်နှင့် c:\windows\system32\restore\ အောက်မှ svchost.exe ဖိုင်လ်အား deleteလုပ်ပစ်ပါ. ပြီးလျှင် start menu-> run -> msconfig ကိုခေါ်ပြီး start up မှ ၄င်း svchost.exe အား ဖြုတ်ပစ်ပါ. ပြီးလျှင် စက်အား restart ပြန်လုပ်ပေးပါ. Ok သွားပါလိမ့်မယ်.
(IT 1st intakeမှ ကျောင်းသူတစ်ဦး)
Posted by sanpyastudents at 11:30 PM 0 comments
Sunday, July 20, 2008
MTU အမှတ်တရ သီချင်းများ
ပျော်ရွှင်ခဲ့ နေ့ ရက်တွေရယ်~~~~~~တဖြည်းဖြည်းနဲ့ လေ~~~~~~~အချိန် တွေကုန်ဆုံးလုပြီ~~~~~ီခွဲရတော့ မယ်လေ~~~~~~ဒီလိုတနေ့ တော့ ခွဲရမှာပဲ~~~~~~~~~ဒါကိုကြိုသိလည်းလေ~~~~~ဒီသံယောဇဉ်ကြိုးများကို ~~~~~~~~ဖြတ်ဖို့ ခက်တယ်လေ~~~~~~တို့ တတွေ ~~~~~~~~~~~အမြဲလေ~~~~~~~~~ပျော်ရွှင်ခဲ့တဲ့ကျောင်းတော်ကြီး~~~~~~နေ့ ရက် တွေ~~~~~အစဉ်သတိရလို့ နေမယ်
မှတ်ချက်။ ။ IT major farewell တခုတွင် ကြား ခဲ့ ဖူး သော သီချင်းအား မှတ်မိသလောက်အမှတ်တရဖော် ပြပေးလိုက် ခြင်းဖြစ်ပါတယ်။ အပြည့် အစုံ သိ သူများ ပြန်လည်ပြင်ဆင်နိုင် ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~။ ။~~~~~~~~~~~ ~~~~~~~~~~
ဆွယ်တော်ရှိုက်သံလေးတွေ~~~~~~~~~~တိုးတိုးလေးငြီးနေ ~~~~~~~~~ဆွယ်တော်ရွက်တွေကြားမှာ~~~~~~~~~~တို့ တွေ ပျော်ခဲ့ကြ~~~~~~~~~~တချိန်မှာဝေးသွားခဲ့ကြရင်~~~~~~~~~~~~~ကျောင်းတော်ကြီး~~~~~~~~~~~~ဘယ်လိုနေမယ်
မှတ်ချက်။ ။ ဒီသီချင်းလေးကတော့MTUအမှတ်တရ ဆွယ်တော်ရှိုက်သံစီးရီး ထဲမှ စာသားများဖြစ်ပါတယ်
~~~~~~~~~~~~~~~~~~~~~~~~~။ ။~~~~~~~~~~~~ ~~~~~~~~~~~
အဓိပတိနဲ့ ချင်းတွင်းလမ်းပေါ်က~~~~~~~~~ပျောက်သွားမယ့်တို့ ခြေလမ်းများလို ~~~~~~ဟိုအရင်အတိတ် က ကျောင်းကို ~~~~~~~~မေ့ပြစ် ဖို့ မလွယ်ဘူး..~~~~~~~~အသည်းကွဲလို့ ဆွေးလည်းတို့ အတူတူ ~~~~~~~~~~~ပျော်စရာတွေ့ လည်းတို့ တွေ အားလုံးတူ~~~~~~~~ခိုင်မြဲသောတို့ ရင်ထဲကကြိုးကို ~~~~~~~~~~~ဖြတ်တောက်ဖို့ မဖြစ်နိုင်ဘူး~~~~~~~ခိုင်မာမြဲကြမယ့် တို့ လက်တွေမဖြုတ် စတမ်းပဲ~~~~~~~~~~ငါတို့ တွေရှေ့ ကို ခရီးဆက်မယ်~~~~~~~အနေမနီးလည်းတို့ တွေဝေးဘူး..တချိန်မှာအားလုံးတို့  ~~~~~~~~~~ဘ၀ ကိုယ်စီလှမ်းရင် ~~~~~~မငိုကြနဲ့ လောကဓံတရားပဲကွယ် ~~~~~~~~~~~~~~ဖြေသိမ့်ရင်းရှေ့ ဆက်လှမ်းစို့  ~~~~~~~~သူငယ်ချင်းရယ်
မှတ်ချက်။ ။ Forward message မှရသော သီချင်းအား ရသလောက် ခံစားတင်ပြအပ်ပါသည်။
~~~~~~~~~~~~~~~~~~~~~~။ ။~~~~~~~~~~~ ~~~~~~~~~~~~~~
MTU အမှတ်တရ သီချင်းများကို ဒီထက်ပိုပြီးကောင်းအောင်ပြင်ဆင်နိုင်ပါ က ပြင်ဆင်ပေးကြပါရန်တိုက်တွန်းအပ်ပါသည်။
Posted by sanpyastudents at 12:41 AM 0 comments
Friday, July 18, 2008
ချစ်သူ့ လမ်းကြား( သို့ မဟုတ် ) ၃၅ လမ်း
Posted by sanpyastudents at 4:01 AM 1 comments
Wednesday, July 16, 2008
အို...အဓိပတိလမ်းကတော့ အရင်လိုပါပဲ
Posted by sanpyastudents at 9:35 PM 0 comments
Labels: ကျောင်းဓာတ်ပုံတွေ

