Tuesday, July 29, 2008

ရည်းစားစကား

ခရီးသွားဟန်လွဲ
ချစ်ခဲ့တာမဟုတ်ဘူး

ကျောင်းသွားကျောင်းပြန်စောင့်ကြည့်ရုံဆို
ပြက္ခဒိန်တစ်ပုံလောက် ၀ယ်ချိတ်ထားမှာပေါ့။

အခုက
ဆယ်မိုးဆယ်နွေရွာပြီးမှ
တပွင့်ထဲ မွှေးမိတဲ့ကိစ္စ။

ကောင်မလေး........
နှလုံးသားကို
အကြိမ်ကြိမ် ဖုန်းခေါ်ပါ။

နင်ရဲ့ခေါင်းငြိမ့်ခေါင်းခါလေးက
င့ါတစ်သက်စာဖြစ်နေလို့။ ။

လွန်းဝေး

(ကဗျာဆရာရဲ့ခွင့်ပြုချက်မတောင်းလိုက်ရပေမယ့်အမှတ်တရနေနဲ့မျှဝေပါတယ်)

ဇာတိ

ထွက်ပေါက်မရှိတဲ့ဘ၀မှာ
ဝင်ပေါက်ကနေပြန်ထွက်ရင်း
မြို့ကလေးကိုပြန်ရောက်ခဲ့တယ်

အစိမ်းရောင်ဝတ်ထားတဲ့ မြို့ကလေး
နွေးထွေးစွာ ကြိုဆိုလိုက်ပုံက
လွမ်းရနံ့တွေသင်းလို့

သူ့ဘ၀ထဲကလူတစ်ယောက်
ရင်ခွင်ထဲပြန်ရောက်တော့
တောင်တန်းကြီးတွေက
ဝိုင်းကြီးပတ်ပတ်ကလို့ပေါ့

မစည်ကားပေမယ့်
စိုပြေနေတဲ့မြို့ကလေး
သူ့ကိုအိပ်ကပ်ထဲခေါ်ထည့်မိအောင်
င့ါကိုခနဲ့တယ်

ဘယ်နေရာကြည့်ကြည့်
သိမ်မွေ့မှု၊ ကြမ်းတမ်းမှုတွေနဲ့
ကစဥ့်ကလျားခေါ်ဆောင်သွားပုံများ
င့ါမှာ ပြန်ရမှာတောင်မေ့လို့

ငါဘယ်လိုချန်ထားရက်ပ့ါမလဲ
မပြန်ချင်လျက်နဲ့ ပြန်ရတာလဲ
ကျိန်စာတစ်ခုလို

ငါပြန်သွားရင်ခဏခဏငိုတတ်တဲ့ မြို့ကလေးရေ
သံယောဇဉ်အပြည့်နဲ့ လူတစ်ယောက်
ရင်ခွင်ထဲခဏပြန်ရောက်ခဲ့တာကိုတော့
သတိတရ လွမ်းပေးပါ

မတူညီတဲ့ခံစားမှုနဲ့ပဲဖြစ်ဖြစ်
နောက်တစ်ကြိမ်အတွက်
င့ါကိုမျှော်နေပေးပါ



(နောက်တစ်ကြိမ်ဆိုတာင့ါဘ၀မှာတောင်ရှိပ့ါမလားစဉ်းစားမိတယ်)

Saturday, July 26, 2008

အတိတ်

ဒီ အမှတ်တရတွေပေါ့
ငါ့ရင်ကို ဆွဲဆွဲဖွင့်သွားတုန်းပဲ
သယ်ရင်း
မြန်မြန်လုပ်ကွာ
၇နာရီ တန်းစီအမှီပြန်ရအောင်
ပြီးရင်
ဒေါ်ဂွတ်မှာ ထမင်းစားမယ်
အဆောင်မှူး ဖမ်းရင်လဲဖမ်းကွာ
ငါတို့ ဘောလုံးပွဲသွားကြည့်မယ်
ကျောင်းထိပ်က ရှမ်းခေါက်ဆွဲကောင်းတယ်ကွ
sorry ကွာ
ငါနည်းနည်း
စိတ်ကူးရင်သွားတယ်။

Friday, July 25, 2008

ကဗျာလမ်း

ဟေ့ ဒီမှာ... ကြားပြီးပြီလား။
တကယ်တော့ ဒီနေရာမှာ
မင်းလည်းမရှိ ငါလည်းမရှိ
ဘယ်သူမှလည်း မရှိကြဘူး။

တချိန်တည်းမှာ
မင်းရော ငါရော
တခြားသူတွေအားလုံးရော ရှိနေပြန်တယ်။

တချို့က ကျစ်ကျစ်လစ်လစ် သိပ်သိပ်သည်းသည်း
တချို့က ပွယောင်းယောင်း နဲ့
ဆင်နွှဲနေကြတာ
တစ်ချက်တစ်ချက်တောက်ပလိုက်ရင်
ကြက်သီးတောင်ထတယ်။
နွေဆိုအေးလို့ ဆောင်းဆိုနွေးနေတာ
ဗိုက်ပြည့်ရင် စားစရာတွေ ရောက်ရောက်လာတာ
ထုံးစံလိုဖြစ်နေပြီ။

ကဲ...တက်လေ လိုက်မယ်ဆိုရင်
ရေဆိုးမြောင်းဖက်သာ မသွားနဲ့
အဲဒီဘက်က နည်းနည်းနံတယ်။

ဒီကဗျာလေးကို ကျွန်တော့်ဘလော့ နဲ့ www.royal-myanmar.com မှာလည်းဖော်ပြထားပါတယ်။

နေရာ

နင့်အတွက် မထိန်းနိုင်ခဲ့တဲ့မျက်ရည်တွေလေ
ယုံကြည်နေစိတ်နဲ့ အတ္တကြီးစွာစိမ့်ထွက်လို့.......

မျှော်လင့်ချက်ဆိုတာလည်း
င့ါဘ၀ထဲမှာတောက်ပလို့......

ဆုံးရှုံးမှုဆိုတာကို သက်သေပြဖို့
သေမလောက်ကြောက်တတ်တဲ့ငါ
နင်ပေးမယ့်အနာဂတ်အတွက်
ရေလှိုင်းအနိမ့် အမြင့်တစ်လျှောက်စီးမျှောလို့.......

မာနကိုအမှန်တရားတစ်ခုလို ဆုပ်ကိုင်ထားတဲ့ငါ
ဆန္ဒတစ်ခုထဲနဲ့
ပြောင်းလဲမှုတွေကို တိတ်တဆိတ်လက်ခံလို့.....

နေရာတစ်ခုအတွက်ပေးဆပ်ချင်ပါတယ်...
ငါသာနင့်ဘေးနားမှာနေပါရစေ...........

Thursday, July 24, 2008

ကျောင်းဆိုတာ

ကျောင်းဆိုတာ.....မက်ခဲ့ဖူးတဲ့ အိပ်မက်လှလှတစ်ခု။
ကျောင်းဆိုတာ.....လူတွေပြောသလို လှေကားတစ်စင်း။
ကျောင်းဆိုတာ.....ပေါက်ကိုပေါက်မယ့် ထီလက်မှတ်တစ်စောင်။
ကျောင်းဆိုတာ.....လက်ထပ်ခွင့်မရတဲ့ ရည်းစားဦး။
(လုံးဝစိတ်မကောက်တတ်ဖူး)
ကျောင်းဆိုတာ.....ဓာတ်ဆီအပြည့်နဲ့ ကားတစ်စင်း။
ကျောင်းဆိုတာ.....ရှုခင်းကောင်းတဲ့ ပြတင်းပေါက်။
ကျောင်းဆိုတာ.....လက်မှတ်ထိုးစရာမလိုတဲ့ နားလည်မှုစာချွန်လွှာ။
ကျောင်းဆိုတာ.....အစီအစဉ်အစုံလာတတ်တဲ့ ရုပ်သံချယ်နယ်တစ်ခု။
ကျောင်းဆိုတာ.....အမျိုးအစားခွဲလို့မရတဲ့ သီချင်းတစ်ပုဒ်။
ကျောင်းဆိုတာ.....သာမန်သစ်ပင်ကြီးတစ်ပင်။
ကျောင်းဆိုတာ.....အချိန်တိကျတဲ့ မြို့ပတ်ရထား။
ကျောင်းဆိုတာ.....အိမ်။

စမ်းတ၀ါးဝါး

တငြိမ့်ငြိမ့်လေး ညင်သာစွာနဲ့
လန်းဆန်းခွင့်တောင်
ုငါတို့ဆီမှာ မရှိတာကြာပြီ။

ထမ်းထားတဲ့ မျှော်လင့်ချက်အထုပ်ကြီး
တဖြည်းဖြည်းနဲ့ ကြီးထွားလာလိုက်တာ
ငါတို့ကိုယ်တိုင်တောင်
နစ်မြုပ်ပျောက်ဆုံးလို့။

ဒါပေမယ့် ငါတို့ဟာ
ရောက်ခဲ့တဲ့ လမ်းဆုံတိုင်းမှာ
လမ်းရွေးမှားခဲ့သူတွေတော့
မဟုတ်လောက်ပါဘူး။

ဘ၀ကို အဓိပ္ဂာယ်ဖွင့်ဖို့
ဘာတွေလိုအပ်လဲ ဆိုတာ
အခုမှ လိုက်ရှာနေကြသူတွေပါ။

ဘ၀ဆိုတာ နားမလည်တာတွေကို
သင်ကြားရင်းနဲ့ ပြီးဆုံးသွားမှာလား။
ဒီလိုနဲ့ပေါ့ဗျာ.....ဒီလိုနဲ့
ထမင်းစားမမြိန်တာတောင် ကြာနေပါပေါ့။

Monday, July 21, 2008

Svchost.exe virus ထိခဲ့လျှင်

ဒီဗိုင်းရပ်စ်က ဘာဒုတ်ခပေးသလဲဆိုရင် လူကြီးမင်းရဲ့ ကွန်ပျူတာကို အဆမတန်လေးသွားအောင်လုပ်ပေးမှာဖြစ်ပါတယ်. ပထမဆုံး ဒီဗိုင်းရပ်စ်ထိသွားပြီဆိုရင် microsoftword ကိုတောင် မနည်းဖွင့်ရပါတယ်. အဲဒီတော့ ဒီဗိုင်းရပ်စ်ကိုစရှင်းဖို့ဆိုလျှင် ပထမဆုံး Task manager ကိုခေါ်ပါ. ပြီးလျှင် svchost.exe file အား အရင်ဦးဆုံးပိတ်ပါ. ပြီးသည်နှင့် c:\windows\system32\restore\ အောက်မှ svchost.exe ဖိုင်လ်အား deleteလုပ်ပစ်ပါ. ပြီးလျှင် start menu-> run -> msconfig ကိုခေါ်ပြီး start up မှ ၄င်း svchost.exe အား ဖြုတ်ပစ်ပါ. ပြီးလျှင် စက်အား restart ပြန်လုပ်ပေးပါ. Ok သွားပါလိမ့်မယ်.

(IT 1st intakeမှ ကျောင်းသူတစ်ဦး)

Sunday, July 20, 2008

MTU အမှတ်တရ သီချင်းများ

ပျော်ရွှင်ခဲ့ နေ့ ရက်တွေရယ်~~~~~~တဖြည်းဖြည်းနဲ့ လေ~~~~~~~အချိန် တွေကုန်ဆုံးလုပြီ~~~~~ီခွဲရတော့ မယ်လေ~~~~~~ဒီလိုတနေ့ တော့ ခွဲရမှာပဲ~~~~~~~~~ဒါကိုကြိုသိလည်းလေ~~~~~ဒီသံယောဇဉ်ကြိုးများကို ~~~~~~~~ဖြတ်ဖို့ ခက်တယ်လေ~~~~~~တို့ တတွေ ~~~~~~~~~~~အမြဲလေ~~~~~~~~~ပျော်ရွှင်ခဲ့တဲ့ကျောင်းတော်ကြီး~~~~~~နေ့ ရက် တွေ~~~~~အစဉ်သတိရလို့ နေမယ်

မှတ်ချက်။ ။ IT major farewell တခုတွင် ကြား ခဲ့ ဖူး သော သီချင်းအား မှတ်မိသလောက်အမှတ်တရဖော် ပြပေးလိုက် ခြင်းဖြစ်ပါတယ်။ အပြည့် အစုံ သိ သူများ ပြန်လည်ပြင်ဆင်နိုင် ပါသည်။


~~~~~~~~~~~~~~~~~~~~~~~~~။ ။~~~~~~~~~~~ ~~~~~~~~~~


ဆွယ်တော်ရှိုက်သံလေးတွေ~~~~~~~~~~တိုးတိုးလေးငြီးနေ ~~~~~~~~~ဆွယ်တော်ရွက်တွေကြားမှာ~~~~~~~~~~တို့ တွေ ပျော်ခဲ့ကြ~~~~~~~~~~တချိန်မှာဝေးသွားခဲ့ကြရင်~~~~~~~~~~~~~ကျောင်းတော်ကြီး~~~~~~~~~~~~ဘယ်လိုနေမယ်

မှတ်ချက်။ ။ ဒီသီချင်းလေးကတော့MTUအမှတ်တရ ဆွယ်တော်ရှိုက်သံစီးရီး ထဲမှ စာသားများဖြစ်ပါတယ်


~~~~~~~~~~~~~~~~~~~~~~~~~။ ။~~~~~~~~~~~~ ~~~~~~~~~~~



အဓိပတိနဲ့ ချင်းတွင်းလမ်းပေါ်က~~~~~~~~~ပျောက်သွားမယ့်တို့ ခြေလမ်းများလို ~~~~~~ဟိုအရင်အတိတ် က ကျောင်းကို ~~~~~~~~မေ့ပြစ် ဖို့ မလွယ်ဘူး..~~~~~~~~အသည်းကွဲလို့ ဆွေးလည်းတို့ အတူတူ ~~~~~~~~~~~ပျော်စရာတွေ့ လည်းတို့ တွေ အားလုံးတူ~~~~~~~~ခိုင်မြဲသောတို့ ရင်ထဲကကြိုးကို ~~~~~~~~~~~ဖြတ်တောက်ဖို့ မဖြစ်နိုင်ဘူး~~~~~~~ခိုင်မာမြဲကြမယ့် တို့ လက်တွေမဖြုတ် စတမ်းပဲ~~~~~~~~~~ငါတို့ တွေရှေ့ ကို ခရီးဆက်မယ်~~~~~~~အနေမနီးလည်းတို့ တွေဝေးဘူး..တချိန်မှာအားလုံးတို့  ~~~~~~~~~~ဘ၀ ကိုယ်စီလှမ်းရင် ~~~~~~မငိုကြနဲ့ လောကဓံတရားပဲကွယ် ~~~~~~~~~~~~~~ဖြေသိမ့်ရင်းရှေ့ ဆက်လှမ်းစို့  ~~~~~~~~သူငယ်ချင်းရယ်

မှတ်ချက်။ ။ Forward message မှရသော သီချင်းအား ရသလောက် ခံစားတင်ပြအပ်ပါသည်။


~~~~~~~~~~~~~~~~~~~~~~။ ။~~~~~~~~~~~ ~~~~~~~~~~~~~~


MTU အမှတ်တရ သီချင်းများကို ဒီထက်ပိုပြီးကောင်းအောင်ပြင်ဆင်နိုင်ပါ က ပြင်ဆင်ပေးကြပါရန်တိုက်တွန်းအပ်ပါသည်။

Friday, July 18, 2008

ချစ်သူ့ လမ်းကြား( သို့ မဟုတ် ) ၃၅ လမ်း


ဒီလမ်းလေးကတော့ ချစ်သူတွေ အတွက် ကြည်နူးပျော်ရွှင်စရာလမ်းလေးပါ...လမ်းဘေးပတ် လည် စိမ်းမြမြစပါးခင်းတွေနဲ့ ......ညနေ..နေ၀င်ချိန် ညနေ ဆည်းဆာအလှ ကိုမြင်ဖူးသူတိုင်းသိကြမှာပါ.....ဆောင်းရာသီ မှာလည်းနှင်းတွေ ပိန်းပိတ်အောင်ကျ တတ် တဲ့ ဒီ လမ်းလေးကိုဘယ်တော့ မမေ့ နိုင်ပါဘူး...... MTUကျောင်းကြီးနဲ့ ဒီလမ်းလေး က ခွဲခြားလို့ မ ရပါဘူး....အဲဒါကြောင့် အမှတ်တရ ဖော်ပြလိုက်ပါ တယ်


Wednesday, July 16, 2008

အို...အဓိပတိလမ်းကတော့ အရင်လိုပါပဲ


MTUကျောင်းအလွမ်းပြေ




MTU ကျောင်းကြီးရဲ့ မနက်စောစော နေထွက် လာပုံ..အဆောင် တနေရာမှမြင်ရတဲ့မြင်ကွင်းက်ု ကျောင်းကြီး အလွမ်းပြေဖော်ပြလိုက်ပါတယ်....

မြခနောက်တောင် ဓာတ်ပုံ တချို့




Tuesday, July 15, 2008

အလိုရှိသည်

အောက်ပါဓာတ်ပုံများ အလိုရှိပါသည်။ လက်ဝယ်ရှိသူများ http://sanpyastudents.blogspot.com/ တွင် လာရောက်တင်ပေးကြပါရန်…

၁။ မိန်း ဘီလဒင် အပါအဝင် MTU မှ အဆောက်အဦး အားလုံး
၂။ ကျောင်းအတွင်း နှင့် ကျောင်းပတ်ဝန်းကျင်မှ အမှတ်တရနေရာများ
၃။ မြခနောက်တောင် ဓာတ်ပုံများ

ဝန်ကြီးအပြောင်းအလဲ

ဒီကနေ့ . sanpyastudents သတင်းအရ..စံပြဖခင်ကြီးဖြစ်တဲ့ဦးသောင်းဟာနေရာအပြောင်းအလဲရှိတယ်လို့ သိရပါတယ်..ဖခင်ကြီးနေရာကိုအသစ်တယောက်လာမယ်လို့ သိရပါ တယ်...ဘယ်သူလာမယ်ဆိုတာတော့အတိအကျမသိရပါဘူး....ဒီသတင်းဟာလည်းမသေချာသေးကြောင်းစံပြကျောင်းသားတစ်ယောက်ကတင်ပြထားပါတယ်

X'mas ည MTU မှာ





သူငယ်ချင်းတွေနဲ့  X'mas ညမှာသီချင်းတွေလိုက်ဆိုရတာတော်တော်ပျော်စရာကောင်းပါတယ်..နောက်ဆိုဒီအခွင့်အရေးမျိုးဘယ်တော့မှမရနိုင်တော့ပါဘူး......

ကျောင်း နောက် ဘက် တောင်တန်း များ နဲ့ ရေတံခွန်တောင် အမှတ်တရ















MTU...ကျောင်းကြီးရဲ့အနောက်ဘက် မိုးရွာပြီ ခါစ တောင်တန်း မြင်ကွင်း နဲ့  ရေတံခွန်တောင်အမှတ်တရ

Saturday, July 12, 2008

ကျောင်းပုံရိပ်တစ်ချို့



-
-
-
-
-
-
-
-
-
-
-
-
-
ဒီဓာတ်ပုံတွေက လောလောဆယ် ကျွန်တော့် မှာရှိတာတွေပါ။ နောက်ထပ် ရှိသေးရင် တင်ပေးကြပါဦး။
တင်နည်းကတော့ http://sanpyastudents.blogspot.com/ ကိုဖွင့်လိုက်ပါ။ နောက်ပြီး sign in လုပ်ပါ။
name နဲ့ password ကတော့ gmail အကောင့်ကဟာပါပဲ။ တစ်ခု သတိထားရမှာက ဒီ ဘလော့ ကို စံပြမဟုတ်တဲ့ တစ်ခြား သူတွေလည်းလူတိုင်း ဖွင့်ကြည့် လို့ရတဲ့ အတွက် လှို့ဝှက်အပ်တာ တွေကို ဒီ ပေါ်မတင်ပါနဲ့ လို့ပြောလိုပါတယ်။

 

blogger templates | Make Money Online